Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရေမျက်တောင်ကျေးရွာအနီး ဓနိတောအနီး၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



MNP ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ၊ ရေမျက်တောင်ကျေးရွာအနီး ဓနိတောအနီး၌  အောက်တိုဘာ ၂၃ ရက်နေ့ (၁၄:၀၀)နာရီအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ရေမျက် တောင် ကျေးရွာ အနီး ဓနိတောကြား ဘင်္ဂါလီလူမျိုး သုံးဦးမှာ ဆာလာအိတ် တစ်ထုတ်အား ထမ်း၍ သွား နေသည်ကို တွေ့ရှိသဖြင့်   ခေါ်ယူရာ  ၎င်းတို့ ၃ဦးမှ ထမ်းလာသော အထုတ်အား ပစ်ချကာ  ချောင်းအား ဖြတ် ကူး ပြီး အရှေ့ဘက်သို့ ထွက်ပြေးသွားပြီး ၎င်းတို့ကျန်ခဲ့သော ဆာလာအိတ်အား စစ်ဆေးရာ ဆာလာ အိတ် အ တွင်းမှ WY/R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရှုးသွပ်ဆေးပြား ဆီစိမ်စက္ကူဖြင့် ထုပ်ပတ် လျက်(၁)ထုပ်လျှင် ၉၂၅၀ ပြားပါ  ၉ ထုပ် စုစုပေါင်းဆေးပြား ၈၃၂၅၀ ပြား ၊ အလေးချိန် ၈၃၂၅ ဂရမ်ခန့် အား တွေ့ရှိသိမ်းဆည်းပြီး  ထွက်ပြေးတိမ်းရှောင်သွားသော တရားခံ ဘင်္ဂါလီအမျိုးသား သုံးဦးအား အရေးယူ ဆောင် ရွက် နိုင် ရေးအတွက်  ငါးခူရနယ်မြေစခန်းတွင် မယ (ပ) ၃/၂၀၂၃ ၊ မူး/စိတ် ပုဒ်မ ၁၉(က)အရ အမှု ဖွင့်လှစ် ကာ တရားခံများအား အမြန် ဆုံးဖမ်းဆီးနိုင်ရေး နှင့် တရားဉပဒေအရ အရေးယူနိုင်ရေး  စီစဉ် ဆောင်ရွက် လျှက် ရှိ သိရ သည်။


 ဝေလ

https://t.me/MyanmarNationalPost




No comments:

Post a Comment