Pages

Pages

ရှမ်းတဲကြီးရပ်ကွက် ရေဘေးသင့် ပြည်သူများအား ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ သွားရောက် ကူညီထောက်ပံ့







MNP ၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြိုသစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီးရပ်ကွက်တွင် ရေကြီးရေလျှံမှုကြောင့် သောက်ရေကန်အတွင်းသို့ မြစ်ရေများဝင်ရောက်ကာ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေကြောင်း သိရှိရသဖြင့် ယနေ့ ညနေပိုင်းက ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ  သောက်ရေသန့်ဘူးများ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒဂုံမြိုသစ်ခရိုင် ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး မှ ဦးဆောင်ကာ ခရိုင်ကော်မတီဝင် (ဒဂုံဆိပ်ကမ်းဥက္ကဋ္ဌ) ဦးခင်မောင်ဝင်း၊  မြိုနယ်အတွင်းရေးမှုး ဦးမြင့်အောင်နှင့် မြိုနယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပြီ ရေသန့်ဘူးကြီး (၁၀၀)(သောက်ရေသန့် လီတာ၂၀၀၀ခန့်) သွားရောက် လှုဒါန်းပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment