Pages

Pages

ပျဉ်းမနားမြို့နယ်၌ ဆန်များကို ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေး



MNP ၊ အောက်တိုဘာ  ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိသည်။


အဆိုပါရောင်းချမှုတွင် ပျဉ်းမနားမြို့နယ် ဆန်လုပ်ငန်းရှင်များအသင်းဝင် ဆန်ဆိုင်များမှ ရွာကောက်ရပ်ကွက်အတွင်းရှိ  ပြည်သူများအား ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်း၊ အိမ်ထောင်စုတစ်စုလျှင် လေးပြည်နှုန်းဖြင့် အိမ်ထောင်စု ၅၀၀ စုအား  ရောင်းချပေးခဲ့ကြောင်း သိရသည်။


မျိုးသီဟ

https://t.me/MyanmarNationalPost




No comments:

Post a Comment