Pages

Pages

အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို စစ်သွေးကြွများက ဆက်လက်တိုက်ခိုက်လျက်ရှိ



ဘေရွတ်၊ အောက်တိုဘာ ၂၆

အီရတ်နှင့် ဆက်နွယ်နေသည့် ရှီးယိုက်အဖွဲ့ Kataib Hezbollah သည် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အမေရိကန် စစ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း Al Mayadeen ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Hasakah စီရင်စုနယ်ရှိ Abu Hajar လေယာဉ်ကွင်း၌ ကြာသပတေးနေ့ နံနက်အစောပိုင်းက အမေရိကန်စစ်အခြေစိုက်စခန်းအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရုပ်သံလိုင်း၏ ဖော်ပြချက်အရ သိရသည်။ နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။

အရှေ့အလယ်ပိုင်းနိုင်ငံအများအပြားရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်မှုများကြောင့် ဆက်လက်ပစ်မှတ်ထားခံနေရဆဲဖြစ်ကြောင်း ရုပ်မြင်သံကြားလိုင်းက ထပ်လောင်းပြောကြားခဲ့သည်။ အီရတ်နိုင်ငံ အန်ဘာပြည်နယ်ရှိ အမေရိကန် စစ်အခြေစိုက် စခန်း Ain al-Asad သည် ဒရုန်းဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရပြီး အစွန်းရောက် ဟားမတ်စ် လှုပ်ရှားမှု အဖွဲ့၏ လုပ်ရပ်အဖြစ် ထုတ်ဖော် ပြောကြားခဲ့သည်။ ဒရုန်းသည် ၎င်း၏ပစ်မှတ်များကို ထိမှန်သော်လည်း ပျက်စီးဆုံးရှုံးမှုပမာဏ သို့မဟုတ် အသေအပျောက်အရေအတွက်နှင့် ပတ်သက်၍ သတင်းအချက်အလက် မရရှိသေးပေ။

ပြီးခဲ့သည့် သီတင်းပတ်က အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန် အခြေစိုက်စခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်တပ်ဖွဲ့ ဗဟိုဌာနချုပ်ကို ကိုးကား၍ NBC သတင်းက ဖော်ပြခဲ့သည်။ ဆီးရီးယားရှိ Al-Tanf အခြေစိုက်စခန်းတွင် စစ်မှုထမ်း ၂၀ ဦး ဒဏ်ရာရခဲ့ပြီး အီရတ်ရှိ Ain al-Asad အခြေစိုက်စခန်းတွင် နောက်ထပ်လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အစောပိုင်းတွင် အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များသည် အီရတ်တွင် ဆယ်ကြိမ်နှင့် ဆီးရီးယားတွင် သုံးကြိမ် အောက်တိုဘာ ၁၇ ရက်မှ ၂၄ ရက်အထိ တိုက်ခိုက်ခံခဲ့ရကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်ရိုင်ဒါက အတည်ပြုခဲ့သည်။

အစောပိုင်းတွင် ရှီးယိုက်စစ်သွေးကြွများက အမေရိကန်သည် ၎င်း၏တပ်များကို အီရတ်နှင့် အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများမှ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ စစ်သွေးကြွများ၏ ထုတ်ပြန်ချက်တွင် “အမေရိကန်တပ်များသည် အဆိုပါဒေသမှ ချက်ချင်းထွက်ခွာရမည်၊ မဟုတ်ပါက ၎င်းတို့၏ အခြေစိုက်စခန်းများကို  ဆက်လက် တိုက်ခိုက်ခံရလိမ့်မည်” ဟု ဖော်ပြထားသည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment