Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်းဖွင့်လှစ်








MNP ၊ အောက်တိုဘာ    ၁၃

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊မောင်တောမြို့တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်း လူသုံး ကုန် ထုတ် လုပ်မှုနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် ခရေမြိုင်ကျေးရွာ ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ သည်။


ဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးဦးစောထွန်းက အမှာစကား ပြော ကြား ပြီး ခရိုင် အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါ်ဉမ္မာထွန်းက  သင်တန်းဖွင့်လှစ်ရခြင်း နှင့် ပတ် သက်၍ ရှင်းလင်း ပြောကြားရာတွင်  ကျေးလက်နေမိသားစုများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ၍ လုပ်ငန်းများ ထူ ထောင်နိုင်ရေး ၊ မိသားစု ဝင်ငွေတိုးပွားစေရန် စသည့် ရည်ရွယ်ချက်များဖြင် ဖွင့်လှစ်ခြင်းဖြစ်ရာ လူသုံး ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းတွင် ပို့ချ ပေးမည့် ဘာသာရပ်များအား နည်းပြများက လက်တွေ့ သင်ကြား ပို့ချပေး မည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။


 အဆိုပါ သင်တန်းကို ပထမအကြိမ်အဖြစ် သင်တန်းသား ၁၅ ဦးဖြင့် ဖွင်လှစ်ပေးမည်ဖြစ်ပြီး  သင်တန်း ကာလမှာ တစ်ပတ်ကြာမြင့်မည်ဖြစ်ရာ  ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် မွမ်းမံသင်တန်းကို ထပ်မံ ဖွင့်လှစ် ပို့ချ ပေးမည်ဖြစ်သဖြင့်  သင်တန်းတွင် ထူးချွန်သင်တန်းသား ၅ ဦးအား ရွေးချယ်၍ သင်တန်းသားတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်း နှင့် တန်ဖိုးညီမျှသည့်  လုပ်ငန်းသုံး နှင့် ကုန်ကြမ်းပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost





No comments:

Post a Comment