Pages

Pages

အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများ အရေးပေါ်ဆက်သွယ်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်



MNP ၊ အောက်တိုဘာ ၉

အစ္စရေးနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေများကြောင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အရေးတကြီး လိုအပ်ချက် မရှိပါက မိမိတို့နေအိမ်များတွင်သာ နေထိုင်ရန်၊ တိုက်ပွဲအခြေအနေနှင့် ကြုံတွေ့လာပါက လုံခြုံသည့် နေရာတွင်နေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီ လိုအပ်လာပါက အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများသို့ ဆက်သွယ်နိုင်ပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဆက်သွယ်နိုင်ရန် -

 (က) မြန်မာသံရုံးဖုန်း- (၉၇၂) (၃) ၅၁၇၀၇၆၀ (၉၇၂) (၃) ၅၁၆၃၃၆၄

 Hotline No.  ၀၅၈  ၇၈၉၉၁၇၇/ ၀၅၈ ၄၀၈၁၃၄၇

 (ခ) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊  ကောင်စစ်ရေးရာဌာန၊ နိုင်ငံသားအကျိုးဌာနခွဲ၊ နေပြည်တော်

 Hotline No. (၉၅) ၉၄၃၁၁၈၄၅၀/ (၉၅) ၉၈၈၂၂၆၄၇၄၄ 

များကို ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

အစ္စရေးအစိုးရမှ ထုတ်ပြန်သတိပေးချက်များအား National Emergency Portal – Home Page တွင် ပုံမှန်စောင့်ကြည့် ကြည့်ရှုဆောင်ရွက်ပါရန် နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထားခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ရှိ မြန်မာသံရုံး ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း အဆိုပါ အသိပေး ထုတ်ပြန်ချက်ကို ဖော်ပြထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment