Pages

Pages

ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကြမ်းဖက်အန္တရာယ် ကာကွယ်နိုင်ရေး ပြည်သူ့စစ်အဖွဲ့ဝင်များအား ဆရာတော်ဦးဝါသဝနှင့် အဖွဲ့ လိုက်လံ အားပေးဆွေးနွေး





MNP ၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာ ၊ တင်ငုတ်ကြီးကျေးရွာ၊ ထန်းတောကျေးရွာ၊ ဒါန်းပင်ကျေးရွာများသို့ ဆရာတော်ဦးဝါသဝ နှင့်အဖွဲ့ ယနေ့ လှည့်လည်၍  ပြည်သူ့စစ်ညီအစ်ကိုများအား အားပေးတိုက်တွန်းစကားပြောကြားပေးခြင်း၊ ကျေးရွာသူ/သားများအား PDF အကြမ်းဖက်လူယုတ်မာ ဘေးဆိုးအန္တရာယ်ကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ပူးပေါင်းကာကွယ်ကြရန် လိုက်လံအားပေးဆွေးနွေး ခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ရွာသူ/ရွာသားများနှင့် တွေ့ဆုံရာတွင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နှင့် ပြည်ဖျက်မီဒီယာများမှ တပ်မတော်နှင့် ပြည်သူကို စိတ်ဝမ်းကွဲအောင် လုပ်ကြံဖန်တီး လှုံ့ဆော်မှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နေကြပုံ၊ KIA, PDF အကြမ်းဖက်သမားများက သံဃာတော်များ၊ အပြစ်မဲ့ပြည်သူပေါင်းများစွာကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည့် အကြမ်းဖက်လုပ်ရပ်များကို ရှင်းလင်းဆွေးနွေးပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရွာသူ/ရွာသားများအနေဖြင့် အကြမ်းဖက်အန္တရာယ်များကို ညီညီညွတ်ညွတ်ဖြင့် ကာကွယ်ကြရန် လှည့်လည်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment