Pages

Pages

မြောက်ဦးမြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ ညောင်ပင်ဈေးရပ်ကွက်၌ မီးဘေးအန္တရာယ် မဖြစ်ပေါ် စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး အသိပညာပေးဟောပြော




MNP ၊ အောက်တိုဘာ  ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သော ကြောင့်  ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက ဆင်ချဆိပ် ရပ်ကွက် မြတန်ဆောင်းယာယီခိုလှုံရာစခန်းသို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ့ပူးပေါင်းပြီး ဆင်ချဆိပ်ရပ်ကွက် မြတန်ဆောင်း ယာယီခိုလှုံရာ စခန်းရှိ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်ကျွမ်းမှုများ မဖြစ်ပေါ်စေရေးတို့အတွက် မီးသတ်ဦးစီးဌာနမှထုတ်ပြန်ထားသော မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့်  မီးချိတ်၊  မီးကတ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူးစသော မီးဘေး ကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိရေး၊ လောင်စာဆီများသို လှောင်ခြင်းမပြုရန်၊ တပ်ဆင် ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများ အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်း ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြိမ်းသတ်ကြရန် စသည့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေး ဟောပြောခဲ့ကြောင်း  သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment