Pages

Pages

သင်္ဃန်းကျွန်းခရိုင်၌ ခရိုင်အဆင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃) ကျင်းပ



MNP ၊ အောက်တိုဘာ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစီးပြုလုပ်သည့် ခရိုင်အဆင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃)ကို သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က နိုင်ငံတော်အစိုးရကချမှတ်သည့် ရှေးလုပ်စဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး‌နောက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားရှိရန်၊ သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်မီ ကြိုတင်ပြင်ဆင်ထားရှိရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပါက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ ဌာနဆိုင်ရာစုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment