Pages

Pages

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်လှစ်



MNP ၊ အောက်တိုဘာ ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပညာရေးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က  ကျောင်းပိတ်ရက်အားလပ်ရက်များတွင် လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊  ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် မိမိအတွက်သာမကာ မိမိပတ်ဝန်းကျင်၊ မိမိမိသားစုအတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍  သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားပြီး မြိုနယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဆန်းဝင်းအောင်မှ သင်ကြားပို့ချမည့် ဘာသာရပ်များအကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။


သင်တန်းတွင် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်းမူးမေ့ခြင်း၊ သတိလစ်ခြင်း၊ အဆိပ်မိခြင်း၊ အရိုးကျိူးခြင်း၊ အဆစ်လွဲခြင်း၊ ကိုင်တွယ်ခြင်း၊ သယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။


အဆိုပါသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊‌ ကျောင်းသူ(၃၀)ဦးတက်ရောက်ပြီးသင်တန်းကာလမှာ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment