Pages

Pages

ဂွမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ





MNP ၊ အောက်တိုဘာ   ၃၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အစည်းအဝေးတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇာနည်ကျော်က နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ကျင်းပမည့် (၂၅)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ ဘုံကထိန် အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် အလှူငွေများ ထည့်ဝင်လှူဒါန်းကြရေး၊ မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစီစစ်ရေးကော်မတီကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ ဖွဲ့စည်းထားရှိရာ ကျပ်သန်း(၅၀)အောက် ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်းနှင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းတာဝန်များအား ဆောင်ရွက်နိုင်ရေး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအား စာတတ်မြောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပညာရေးဌာနမှ စီမံချက်ရေးဆွဲထားသည့်အတိုင်း ကျေးရွာများတွင် စာမတတ်သည့်သက်ကြီးပိုင်းများ၏ စာရင်းအား ပြုစုထားရှိရေး တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်အောင်နှင့် ရဲမှူး ခင်မောင်ထွန်းတို့က  မြို့၊ရွာ လုံခြုံရေး အကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ 


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment