Pages

Pages

ပုဏ္ဏားကျွန်းမြို့နယ်ရုံး၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲဆောင်ရွက်



MNP ၊ အောက်တိုဘာ  ၁၇

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟိုသုတများတိုးပွားရရှိ စေရန်ရည်ရွယ်၍ ယမန်နေ့၊ ညနေ(၃)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်နှင့်ဓာတ်ပုံပြပွဲဆောင်ရွက်ခဲ့သည်။


အဆိုပါနံရံကပ်စာစောင်ပြပွဲတွင် ကလေးအလုပ်သားများဆန့်ကျင်ရာ၌  အလုပ်ရှင် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ဘေးအန္တရာယ်ရှိစေသော ကလေးလုပ်သား များ၊ ကလေးလုပ်သားများ တိုက်ဖျက်ပေးရန် အလုပ်ရှင်အဖွဲ့အစည်းများ၏ အကြောင်းပြချက်များ၊ မြန်မာနိုင်ငံတွင် ပြဌာန်းထားသည့် အလေးအလုပ်သမားပပျောက်ရေးဥပဒစည်းမျဉ်း စည်းကမ်းချက်များ၊ အလုပ်ရှင် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ၊ အသက်မပြည့်သည့် ကလေးသူငယ်များအား အတင်းခိုင်းစေသည့် ကလေးလုပ်သားပုံရိပ်များ စသည်တို့ကို ခင်းကျင်းပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာကြပြီး၊ အဆိုပါပြပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ၊ ခင်းကျင်းပြသထားမည် ဖြစ်ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment