Pages

Pages

တာမွေမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်






MNP ၊ အောက်တိုဘာ ၂၄

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဟမွန်း”(HAMOON)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲ(၂)နာရီ(၃၀)မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ ရပ်ကွက်နေပြည်သူများအပြင် ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များနှင့် လမ်းသွားလမ်းလာများ သွာရေးလာရေးတွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း ခရီးသွား ပြည်သူတစ်ဦးထံမှ သိရသည်။


အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေရာများသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လူမှုကူညီရေးအသင်းဝင်များ ရောက်ရှိကာ  ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အဆင်ပြေချောမွေ့စွာ သွားလာ နိုင်စေရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment