Pages

Pages

မြောင်းမြမြို့၌ မိုးစပါစံကွက်များရိတ်သိမ်း၊ နယူးဧရာစပါး တစ်ဧက စပါးတင်း ၁၃၁ တင်း အထက် ထွက်ရှိ


MNP ၊ အောက်တိုဘာ  ၁၉

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ယမန်နေ့က မဒေါ့ပင် ကျေးရွာအုပ်စုတွင် မိုးစပါးစံကွက်များ ရိတ်သိမ်းလျက်ရှိရာ နယူးဧရာ ၁ စပါး တစ်ဧကအစိုထွက် တင်း ၁၃၁ တင်း အထက် ထွက်ရှိကြောင်း သိရသည်။


အဆိုပါ မဒေါ့ပင်ကျေးရွာအုပ်စု မိုးစပါးစံကွက်များ ရိတ်သိမ်းရာတွင် တောင်သူဦးကြည်သောင်းကွင်းအမှတ် ၂၁၉ ဦးပိုင်အမှတ် ၁၁၊ ၆. တွင် နယူးဧရာ ၁ စပါးတစ်ဧကအစိုထွက် တင်း ၁၃၁.၅၁ တင်း ထွက်ရှိကြောင်း သိရသည်။ ထို့အတူ မဒေါ့ပင်ကျေးရွာအုပ်စု တောင်သူဒေါ်အေးလှိုင် ကွင်းအမှတ်၂၁၉ ဦးပိုင်အမှတ် ၁၁၊ ၃ တွင် ဆင်းသုခစပါး တစ်ဧကအစိုထွက် တင်း ၁၁၅.၈၉ တင်း ထွက်ရှိကြောင်း သိရသည်။


အဆိုပါ စံပြကွက်များ ရိတ်သိမ်းရာတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment