Pages

Pages

မင်းတုန်းမြို့တွင် (၉)ကြိမ်မြောက် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ



MNP ၊ အောက်တိုဘာ  ၁၇

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ ဘုရားကြီးသုံးဆူ သာသနာ့ဗိမ္မာန်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက (၉) ကြိမ်မြောက် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်ကို ၂၀၂၂ခုနှစ်၊ စာသင်နှစ်တွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင်သူများအား စာအောင်ဆုပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။


အခမ်းအနားတွင် မင်းတုန်းမြို့နယ် သံဃာ့နာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ‌ ဆောက်တည်ခဲ့ကြပြီး ဆရာတော်နှင့် သံဃာတော်များမှ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် ဖြေဆိုအောင်မြင်သူများကို စာအောင်လက်မှတ်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် ဌာနဆိုင်ရာတာဝန်ခံများက အဘိဓမ္မာ (ရိုးရိုး) ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် အောင်မြင်သူ (၂၇) ဦး၊ အဘိဓမ္မာ (ဂုဏ်ထူး) ဒုတိယဆင့်၊ တတိယဆင့်အောင်မြင်သူ (၁၉) ဦးနှင့် ဝိသုဒ္ဓိမဂ်ပထမဆင့် ဖြေဆိုအောင်မြင်သူ(၂၀)ဦးအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment