Pages

Pages

အရပ်သား ဓားစာခံများကို လွှတ်ပေးရန် ဟားမတ်စ် အဆင်သင့် ဖြစ်နေပြီဟု အီရန် ထိပ်တန်း သံတမန် တစ်ဦးက ပြောကြား


ကုလသမဂ္ဂ၊ အောက်တိုဘာ ၂၆

ဟားမတ်စ်အဖွဲ့သည် အရပ်သား ဓားစာခံများကို လွှတ်ပေးရန် အဆင်သင့်ဖြစ်သော်လည်း အစ္စရေး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသည့် ပါလက်စတိုင်း ၆၀၀၀ ကို ကမ္ဘာ့အသိုင်းအဝိုင်းက အာရုံစိုက်ရန် လိုအပ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian က ပြောကြားခဲ့သည်။

“ဟားမတ်စ်နဲ့ ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အရပ်သား ဓားစာခံတွေကို လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြသခဲ့ပေမယ့် အစ္စရေး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်း ၆,၀၀၀ ကို လွှတ်ပေးဖို့ ကမ္ဘာကြီးက ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်” ဟု ပါလက်စတိုင်းအရပ်သားများအား အကာအကွယ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ အထူးအစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

အောက်တိုဘာလ ၂၀ ရက်နေ့တွင်၊ Izz al-Din al-Qassam Brigades (IQB၊ ဟားမတ်စ်အဖွဲ့) မှ ကာတာမှ ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် အမေရိကန် အမျိုးသမီး အရပ်သားနှစ်ဦးကို ပြန်လွှတ်ပေးရန် ကြေညာခဲ့သည်။

ဟားမတ်စ်အဖွဲ့သည် ဓားစာခံဖမ်းဆီးထားသည့် လူ ၂၂၄ ဦးအကြောင်း အစ္စရေးစစ်တပ်က သတင်းရရှိထားသည်။ အစ္စရေးနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Anatoly Viktorov ၏ ပြောကြားချက်အရ ဓားစာခံများထဲတွင် ရုရှားနိုင်ငံသား အနည်းဆုံး သုံးဦးရှိကြောင်း သိရသည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment