Pages

Pages

ရသေ့တောင်မြို့တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားပြုလုပ်





MNP ၊ အောက်တိုဘာ    ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့် လှစ်သည့် အခမ်းအနားမှူးသင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယနေ့ နေ့လည် ၂ နာရီအချိန် က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


  ရှေးဦးစွာဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး ကျော်လင်းအောင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ထို့နောက် အခမ်းနားမှူးကောင်းများ ပေါ်ထွက်လာစေရန် အတွက် သင်တန်းသားသင်တန်းသူများကလေ့ကျင့်သရုပ်ပြသကြသည်။

 

အဆိုပါ အခမ်းအနားမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနရှိ အကြီး တန်းစာရေး ၊ အငယ်တန်းစာရေး နှင့် လစာနှုန်းတူ အမှုထမ်း အမျိုးသမီး ဝန် ထမ်း ၂၇ ဦး တက်ရောက် သင်ယူခဲ့ကြပြီး  သင်တန်းကာလမှ နှစ်ပတ်ကြာပို့ချပေးခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment