Pages

Pages

ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား လစဉ် ပင်စင်လစာ ထုတ်ပေးလျက်ရှိ


MNP ၊ အောက်တိုဘာ ၂၆

‌ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီလ ၂၄ရက် နံနက် (၈) နာရီမှစ၍ ပင်စင်စားများအား ပင်စင်လစာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ပင်စင်လစာများကို လစဉ် ၂၃ရက်နေ့မှစ၍ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း၊ စတင်ထုတ်ပေးသည့်ရက်တွင် ပင်စင်လစာ လာရောက်ထုတ်ယူသူ ၄၀၀ မှ ၅၀၀ ကြား ရှိကြောင်း သိရသည်။


ကျောက်မဲမြို့နယ်တွင် အငြိမ်းစား အစိုးရဝန်ထမ်းဦးရေ စုစုပေါင်း ၁၅၀၀ဦး ခန့်ရှိပြီး ပင်စင်လစာထုတ်ယူရန် ကျန်ရှိသူများကိုလည်း နေ့စဉ်ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။


မိုင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment