Pages

Pages

ကံမမြို့နယ်တွင် တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ရာနှုန်းပြည့် ထုတ်ချေးပြီးစီး


MNP ၊ အောက်တိုဘာ  ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ အောက်တိုဘာ ၁ရက်နေ့က ရာနှုန်းပြည့် ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း  သိရသည်။


ထိုသို့ထုတ်ပေးရာတွင် မိုးစပါးစိုက်ပျိုးမြေတစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းကျပ်နှုန်း၊ မြေပဲ၊ နှမ်း အစရှိသည့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ကျေးရွာအုပ်စု (၅၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူ(၅၇၈၉)ဦး၏ မိုးစပါးစိုက်ဧက(၁၅၄၀၈)ဧက၊ နှမ်းစိုက်ဧက(၁၀၄၀)ဧက၊ ပဲတီစိမ်း(၄၉၃)ဧက တို့အတွက် စုစုပေါင်း ငွေကျပ်(၂၄၆၄၅)သိန်းအား  ထုတ်ချေးပေးနိုင်ခဲ့ကြောင်း  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


ကျော်ဇေယျဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment