Pages

Pages

ပင်းတယမြို့တွင် ဒေသမျိုးဖြစ်သည့် ထောပတ်သီးစိုက်တောင်သူများ ဈေးကောင်းရရန် မျှော်လင့်



MNP ၊ အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ယခင်နှစ်က ဒေသမျိုးဖြစ်သည့် ထောပတ်သီးများ အရွယ်အစားပေါ် မူတည်ပြီး တစ်လုံးလျှင် လက်လီစျေး ကျပ် (၃၀၀)မှ ကျပ် (၄၅၀)ခန့်၊ လက်ကား စျေးအလုံးရေ (၁၀၀)မှ (၁၁၀) ပါဝင်သည့် ထောပတ်အိတ် တစ်အိတ်လျှင် ကျပ် (၂၅၀၀၀) မှ(၃၀၀၀၀)ရရှိခဲ့ကြောင်းနှင့်ယခုနှစ်တွင်း ဈေးကောင်းရရန် မျှော်လင့်နေကြောင်း ထောပတ်သီး စိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။


ပင်းတယမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြရာ၊ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည့်တို့ကို တနိုင်တပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး ထွက်ရှိလာသည့် ရာသီအလိုက်သီးနှံများကို အောင်ပန်းမြို့ ပွဲရုံများမှတစ်ဆင့် မြန်မာနိုင်ငံမြို့ကြီးများသို့ တင်ပို့ရောင်းချကြကြောင်းလည်း သိရသည်။


အောင်ကိုဦး 

https://t.me/MyanmarNationalPost




No comments:

Post a Comment