Pages

Pages

သာပေါင်းမြို့နယ် စားသုံးဆီဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ကျေးရွာအုပ်စု(၅)စု၊ စားအုန်းဆီ (၅)ပေပါ ဆက်လက်ဖြန့်ဖြူးပေး


MNP ၊ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စားသုံးဆီဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီမှ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်က စတင်၍ ကျေးရွာအုပ်စုများသို့  စားသုံးဆီဆက်လက်ဖြန့်ဖြူး ပေးခဲ့ကြသည်။


ထိုသို့ စားသုံးဆီဖြန့်ဖြူးပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စားသုံးဆီဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက် မှ ကျေးရွာအုပ်စု(၅)ရှိ ကုန်စုံဆိုင်(၅)အား စားအုန်းဆီ သတ်မှတ် ရည်ညွှန်းဈေးအပေါ် အမြတ်ငွေနှင့် အမှန်သယ်ယူစရိတ်ပေါင်းပြီး (၄၈၅၀)ကျပ် ထက်ပိုမိုမရောင်းချရန်၊ ရရှိအရေအတွက် အပြည့်ရောင်းချပေးရန်နှင့် အသိပေးဆိုင်းဘုတ်တင်ရောင်းချပေးရန်တို့ကို မှာကြားပြီး စားအုန်းဆီ (၅)ပေပါအား စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းမင်းလတ်နှင့် အဖွဲ့ဝင်များက ကျေးရွာ အုပ်စုများအလိုက် စာရင်းမှတ်တမ်းပြု ဆက်လက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment