Pages

Pages

ကျိုက်မရော၌ နွေစပါး၊ ဆောင်းသီးနှံစိုက်ပျိုး ရေးစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ



MNP ၊ အောက်တိုဘာ  ၁၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါး၊ ဆောင်းသီးနှံစိုက်ပျိုးရေး  စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။


ထို့နောက်မြို့နယ်အတွင်းရှိ ကျေးရွာ(၄၅)ရွာမှ နွေစပါး၊ ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးမည့် တောင်သူများအား စီမံကိန်းတာဝန်ပေးအပ်လွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။


ကျိုက်မရောမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေစပါး (၅၆၇၀)ဧက၊ မြေပဲ(၄၈၈)ဧက၊ နှမ်း(ဆောင်း)(၂၄၀)ဧက၊ နေကြာ (၁၀၅၃)ဧက၊ မတ်ပဲ(၁၁၅၇)ဧက၊ ပဲတီစိမ်း (၉၇၇)ဧက၊ ဘိုကိတ် (၈၀၉)ဧက၊ ပဲပုတ် (၂၁၃)ဧက၊ ပဲလွန်း(၁၇၅)ဧကတို့ကို စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မိချို 

https://t.me/MyanmarNationalPost




No comments:

Post a Comment