Pages

Pages

ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်သည် မိနစ်တိုင်း တိုးလာနေကြောင်း တူကီးယဲသမ္မတ အာဒိုဂန် ပြော


အန်ကာရာ၊ အောက်တိုဘာ ၂၄

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပြင်းထန်နေပြီး ဂါဇာကမ်းမြှောင်မှာ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ပိုများလာနေတယ်လို့ တူကီးယဲသမ္မတ အာဒိုဂန် က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အင်္ဂါနေ့က ဖုန်းခေါ်ဆိုမှုအတွင်း ပြောကြားခဲ့သည်။

"ပါလက်စတိုင်းနယ်မြေတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေက ပိုဆိုးလာနေပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှု မိနစ်တိုင်း တိုးလာနေတယ်လို့ သမ္မတ အာဒိုဂန်က မှတ်ချက်ပြုခဲ့ပါတယ်။ သမ္မတ အာဒိုဂန်ကလည်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် တူကီးယဲ က ဆက်လက် ကြိုးပမ်းသွားမှာပါ" ဟု ဖုန်းပြောပြီးနောက် တူကီးယဲသမ္မတရုံးက ပြောကြားခဲ့သည်။ 


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment