တာမွေမြို့နယ်တွင် ဆံညှပ်ဘိုးကလစ်ပြုလုပ်နည်းသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်တွင် ဆံညှပ်ဘိုးကလစ်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်






MNP ၊ အောက်တိုဘာ  ၁၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီခွဲအချိန်က Women Club အဖွဲ့၏ စီစဉ်မှုဖြင့် ဆံညှပ်ဘိုးကလစ် ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြမှ တက်‌ရောက်လာကြသူများ အား ဆံညှပ်ဘိုးကလစ်ပြုလုပ်နည်းအဆင့်ဆင့်ကို လက်တွေ့ရှင်းလင်းသင်ကြားပြသပေးခဲ့သည်။

အဆိုပါသင်တန်းသို့ Women Clubအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ပျဉ်စီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များ အိမ်တွင်းမှုလုပ်ငန်းပြုလုပ်ခြင်းမှတဆင့် မိသားစု တစ်ပိုင်တစ်နိုင် အပိုဝင်ငွေရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်အသုံးပြုခြင်းဖြင့် ငွေကြေးကုန်ကျမှု သက်သာစေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)