Pages

Pages

သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများ ဒုတိယအကြိမ်ထုတ်ချေးပေး



MNP ၊ အောက်တိုဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေးပေးခြင်းကို ယမန်နေ့က ကျေးရွာမြစိမ်းရောင် ကြီးကြပ်မှုကော်မတီဝင် အသင်းသား၊ အသင်းသူများထံသို့ပေးအပ်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းက ရှင်းလင်းပြောကြားခဲ့ပြီး၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ကျေးရွာမြစိမ်းရောင် ကြီးကြပ်မှုကော်မတီဝင် အသင်းသား၊ အသင်းသူ (၁၇၈) ဦးထံသို့ ငွေကျပ် (၃၃၃) သိန်းကို  တာဝန်ရှိသူအသီးသီးက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment