Pages

Pages

ကျိန္တလီမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်






MNP ၊ အောက်တိုဘာ  ၁၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင်  မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့ နေ့လည်ပိုင်းအချိန်တွင် အိမ်တိုင်ရာရောက်သွားရောက်ပေးအပ်ခဲ့ကြသည်။ 


ထိုသို့ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ကျိန္တလီမြို့အထွေထွေအုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့် ကလေး၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် (၃၀၀၀ဝိ/-)ကျပ် နှုန်းဖြင့် ဘိုးဘွား(၅၅)ဦးတို့အတွက် ထောက်ပံ့ငွေ(၁၆၅၀၀၀ဝိ/-) (တစ်ဆယ့် ခြောက်သိန်းငါးသောင်း)ကျပ်တိတိကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment