Pages

Pages

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ



MNP ၊ အောက်တိုဘာ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးသို့ ရောက်ရှိကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဌာနလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နမှုများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။


ဒုတိယဝန်ကြီး ဦးရဲတင့်သည် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းလေးနှင့် ဝန်ထမ်းများအား ကလေးစာဖတ်ခန်းလှုပ်ရှားဆောင်ရွက်မှုများတွင် အခြေခံပညာကျောင်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ရန်နှင့် လူငယ်အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်သွားရန်၊ နံရံကပ်စာစာင်ပြသခြင်းများကို နိုင်ငံတာ်အစိုးရ၏ လက်ရှိအကောင်အထည်‌ဖော် ဆောင်ရွက်နေမှုများဖြင့် ပြသဆောင်ရွက်ရန်၊ ဒေသတွင်း MSME လုပ်ငန်းများအား သတင်းများရယူ၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။


ထို့နောက် ဒုတိယဝန်ကြီးသည် ကလေးစာဖတ်ခန်း ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် စာကြည့်တိုက် ပြင်ဆင်ဆောင်ရွက်ထားမှုများ ရုံးတွင်းရုံးပြင် သန့်ရှင်းရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှု့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြာင်း သိရသည်။


ဇေယျာထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment