Pages

Pages

ရူပီး ၂၀၀၀ တန် ၉၆% ပြန်အပ်နှံပြီးဟု အိန္ဒိယ ဗဟိုဘဏ် ပြောကြား


MNP ၊ အောက်တိုဘာ ၁

အိန္ဒိယ ဗဟိုဘဏ် Reserve Bank of India (RBI) က ၂၄ ကန်ဒေါ်လာ ဝန်းကျင်တန်ဖိုးရှိသော အိန္ဒိယနိုင်ငံသုံးငွေ ရူပီး၂၀၀၀ တန်  ပြန်အပ်နံရန် နောက်ဆုံးရက်ကို တပတ်ထပ်တိုးပေးပြီး အောက်တိုဘာလ ၇ ရက်ဟု ပြောင်းလဲသတ်မှတ်လိုက်သည်။

ရူပီး ၂၀၀၀ တန် သည် အိန္ဒိယတွင် တန်ဖိုးအမြင့်ဆုံး ငွေစက္ကူ ဖြစ်ပါသည်။

 အောက်တိုဘာလ ၇ ရက် နောက်ပိုင်းတွင် ရူပီး ၂၀၀၀ တန်ကို မည်သည့်ဘဏ်မှာမှ လဲလှယ်၍ ရတော့မည် မဟုတ်သဖြင့် လက်ထဲ ရူပီး ၂၀၀၀ တန် ရှိနေသူများသည် RBI ၏ သတ်မှတ်ထားသော ဌာန ၁၉ ခုတွင် လဲလှယ်ရန် ကြေညာချက်တွင် ဖော်ပြထားသည်။

မေလတွင် RBI က ရူပီး ၂၀၀၀ တန် ငွေစက္ကူများကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ စက်တင်ဘာလ ၃၀ ရက်အထိ လဲလှယ်ခြင်း၊ ဘဏ်ငွေစာရင်း အပ်နှံခြင်း ဆောင်ရွက်ရန် ခွင့်ပြုထားပြီး ရူပီး ၂၀၀၀ တန်သည် တရားဝင် ငွေစက္ကူအဖြစ် ဆက်လက်တည်ရှိသည်။ 

လည်ပတ်သုံးစွဲလျက်ရှိသော ရူပီး ၂၀၀၀ တန်များ၏ စုစုပေါင်းတန်ဖိုးသည် မေလ ၁၉ ရက်တွင် ရုပီး ၃.၅၆ ထရီလီယံ ရှိခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်တွင် ရူပီး ၁၄၀ ဘီလီယံ ကျန်ရှိသည်။

သောကြာနေ့ (စက်တင်ဘာလ ၂၉)အထိ ရူပီး ၃.၄၂ ထရီလီယံ (ဒေါ်လာ ၄၁.၁၉ ဘီလီယံ) တန်ဖိုးရှိသော ရူပီးငွေစက္ကူများ၏ ၉၆ ရာခိုင်နှုန်းကို ပြန်လည်ပအပ်နှံခဲ့ကြောင်း RBI မှ ပြောကြားသည်။


အိန္ဒိယအစိုးရက တန်ဖိုးကြီးငွေစက္ကူများကို ဖျက်သိမ်းသဖြင့် စီးပွားရေးတွင် ငွေကြေးလည်ပတ်မှုများ နှောင့်နှေးခဲ့ပြီးနောက် လည်ပတ်နေသော ငွေကြေး စုစုပေါင်း ပမာဏ ပြန်လည်ဖြည့်တင်းရန်အတွက် ရူပီး ၂၀၀၀ တန် ငွေစက္ကူများကို ၂၀၁၆ ခုနှစ်တွင် စတင်သုံးစွဲခဲ့ပါသည်။


Source Reuters 

https://t.me/MyanmarNationalPost


No comments:

Post a Comment