Pages

Pages

တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်တွင် ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ


MNP ၊ အောက်တိုဘာ  ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ လူငယ် အားကစားသမား ရွက်ပုန်းသီးများ ပေါ်ထွန်းလာစေရေးအတွက် အနော်ရထာရပ်ကွက်၊ ရွှေသင်္ခါ ပညာရေးဖောင်ဒေးရှင်က ဦးဆောင်ကျင်းပသည့် ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါရပ်ကွက်ဘောလုံးကွင်းတွင် ကျင်းပသည်။


အဆိုပါဘောလုံးပြိုင်ပွဲတွင် အသင်း ငါးသင်း ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ပြီး၊ အားကစားသမား (Player)အသင်းနှင့် အားကစားအဖွဲ့ Team အသင်းတို့ ယှဉ်ပြိုင်ကစား၍ အားကစားအဖွဲ့ (Team)အသင်းက တစ်ဂိုးဖြင့် အနိုင်ရရှိကြောင်း၊ ဗိုလ်လုပွဲစဉ်နှင့်ဆုပေးပွဲကို အောက်တိုဘာ ၁၈ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment