Pages

Pages

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မလစ်ကျေးရွာအိမ်ထောင်စု ၁၅၀ အတွက် စားသောက်ကုန်များ သွားရောက်လှူဒါန်း



MNP ၊ အောက်တိုဘာ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရေကြီးရေလျှံဖြစ်ပေါ်လျက်ရှိသော မလစ်ရပ်ကွက်များသို့ ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီ၊ ဆေး၊ ခေါက်ဆွဲခြောက်၊ ကိတ်ခြောက်၊ မုန့်မျိုးစုံ၊ ဖယောင်းတိုင်၊ မီးခြစ်၊ ငါးပိထောင်းဘူး၊ ငါးသေတ္တာဘူး၊ ရေသန့်၊ ဓာတ်ဆား၊ လက်ဖက်အကြော်စုံများအား လူ(၁၅၀)ဦးနှင့် ဘုန်းကြီးကျောင်း (၅)ကျောင်းအတွက်  A.A.A ပရဟိတအဖွဲ့ ယမန်နေ့က  ပေးအပ်လှူဒါန်းခဲ့ကြသည်။


အဆိုပါ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော မလစ်ကျေးရွာ သို့ A.A.A ပရဟိတအသင်းမှ သွားရောက်၍ အိမ်ထောင်စုတစ်စုလျှင် တန်ဖိုးငွေကျပ် ၆၀၀၀၀ တန်ဖိုးရှိ စားသောက်ကုန် ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment