Pages

Pages

ပေါက်တောမြို့တွင်ဒေသခံ ပြည်သူများအား စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး





MNP ၊ အောက်တိုဘာ  ၉

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ပေါက်တောမြို့တွင်ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပေါက်တောမြို့တွင် ယနေ့ နံနက်ပိုင်းက ရောင်းချပေးသည်။


ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုံးဆီများကို ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၅၂၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စုတစ်စုလျှင်  တစ်ပိဿာနှုန်းဖြင့်ပေါက်တောမြို့ ရှိ  ပြည်သူများအား စားအုံးဆီ   ၅၅၀ ပိဿာကို သက်သာသောဈေးနှုန်ဖြင့် ရောင်းချပေးခဲ့သည်။


ပေါက်တောမြို့ရှိပြည်သူများအားစားအုံးများဆီကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယခုလအတွင်း စားအုံးဆီပိဿာ ၂၇၅၀ ပိဿာကို ရောင်းချပေးရန်လျာထားပြီး၊ ယနေ့အထိ စားအုံးဆီ ၁၁၀၀ ပိဿာကို ရောင်းချပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ 


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment