Pages

Pages

သံတွဲမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ




MNP ၊ အောက်တိုဘာ  ၁၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ ပူးပေါင်းကျင်းပသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၁း၃၀ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စန္ဒာကြည်က အဖွင့်အမှာစကားပြောပြီး  Women Club အဖွဲ့နာယက ဒေါ်ခင်ညိုရင်က  ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ Women Club အဖွဲ့ဝင် ဒေါ်ခင်မူက ကလေးသူငယ်အခွင့်အရေးနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်တို့ကို ဆွေးနွေးပြီး ခရိုင်တရားသူကြီး ဒေါ်ခင်နွဲ့သီက ကလေးသူငယ်ဆိုင်ရာ ဥပဒေအကြောင်းသိကောင်းစရာများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြ သည်။


အဆိုပါအခမ်းအနားသို့ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊  Women Club အဖွဲ့ဝင်များ၊ သဘာဝမိခင်အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၂၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment