Pages

Pages

ရွှေတောင်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်များ လိုင်စင်မဲ့ပြေးဆွဲနေမှု မရှိစေရေး စစ်ဆေးဆောင်ရွက်



MNP ၊ အောက်တိုဘာ  ၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက သုံးဘီးဆိုင်ကယ်များ လိုင်စင်မဲ့ပြေးဆွဲနေမှု မရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


အဆိုပါစစ်ဆေးရာတွင် မြို့နယ်ယာဥ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး၊ကွင်းဆင်းစစ်ဆေးရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်ဦး​ဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဝင်များက ကြာနီကန်ရပ်ကွက်၊ တိုးဂိတ်အနီး မြို့ဝင်/ ထွက်စစ်ဆေးရေးဂိတ်၊ B.O.C လမ်းဆုံ နှင့် သရက်တောရပ်ကွက်၊ ဘုရားနီလမ်းဆုံတို့တွင် သုံးဘီးဆိုင်ကယ်များ လိုင်စင်မဲ့ပြေးဆွဲနေမှု မရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment