Pages

Pages

နောင်ချိုမြို့နယ်တွင် မြို့နယ်သာသနာဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေများ ဆက်လက်လှူဒါန်းပေးလျက်ရှိ




MNP ၊ အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်သာသနာဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရာတွင် အောင်မြင်စွာတည်ဆောက်ပြီးမြောက်နိုင်ရေး အတွက် အလှူတော်ငွေများကို အလှူရှင်များက လှူဒါန်းပေးလျက်ရှိရာ အောက်တိုဘာ၂၄ရက်နေ့ နံနက်ပိုင်းက အလှူငွေများ လှူဒါန်းခြင်းကို သဖန်းကိုင်း ပရဟိတအကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ လှူဒါန်းရာတွင် နောင်ချိုမြို့နယ်အတွင်းရှိ ကုသိုလ်ရှင်၊ စေတနာရှင်၊ အလှူရှင်များက ငွေကျပ် ၁၁၀၀၀၀၀/-အားလှူဒါန်းရာ သဖန်းကိုင်း ပရဟိတ ဆရာတော် ဒေါက်တာ ဘဒ္ဒတပညာလင်္ကာရက လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မြို့နယ်သာသနာ့ ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး အောင်မြင်စွာ တည်ဆောက် ပြီးစီးနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ၊ ရပ်နီး၊ ရပ်ဝေးမှ စေတနာရှင် အလှူရှင်များကလည်း ကုသိုလ်ယူ ပါဝင်လှူဒါန်း ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။


ထွေးငယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment