Pages

Pages

မင်းလှမြို့တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ လစဉ်ပြုလုပ်



MNP ၊ အောက်တိုဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ပြည်သူ့ဆေးရုံခန်းမ၌ အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။


ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့်ဆေးဝါးများ အခမဲ့ဖြန့်‌ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ အငြိမ်းစားနိုင်ငံဝန်ထမ်းအမျိုးသား (၃၆)ဦး၊ အမျိုးသမီး(၂၁) ဦး စုစုပေါင်း (၅၇)ဦးအား  ဆေးကုသ‌မှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါအငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့်ဆေးဝါးများ အခမဲ့ဖြန့်‌ဝေပေးခြင်းများကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကြည့်ရှု့အားပေးခဲ့၍ အလှူငွေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ပေါက်စ

https://t.me/MyanmarNationalPost




No comments:

Post a Comment