Pages

Pages

တာမွေမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ





MNP ၊ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း အများပြည်သူများသို့ ဝန်ဆောင်မှုပေးလျက်ရှိသည့် ဌာနဆိုင်ရာများအနေဖြင့် အဂတိလိုက်စားမှု လျော့နည်းပပျောက် စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာမွေမြို့နယ်ဥပဒေအရာရှိ ဦးထက်ရှိုင်းအောင်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ ပြဌာန်း ထားသည့် ဥပ‌ဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်း ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



နိုင်လင်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment