Pages

Pages

ဥတ္တရသီရိမြို့နယ်၌ မိုးစပါးစံပြစိုက်ခင်း ရိတ်သိမ်းပွဲ ကျင်းပ





MNP ၊ အောက်တိုဘာ  ၁၇

ပြည်ထောင်စုနယ်မြေ​၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ မိုးစပါးစံပြစိုက်ခင်း ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်သူ ဦးကြည်သိန်း၏ ကွင်းအမှတ်-၁၈၉၄ စံပြစိုက်ခင်း၌ ကျင်းပခဲ့သည်။


အဆိုပါ ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်၊ မြို့နယ်မွေး​မြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာတင်ထွန်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနဲဒို၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး စပါးမျိုးကွဲ GW-11 တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း နို့ဆီဘူး(၁၆)ဘူး၊ အစို(၁၂၅)တင်း၊ အခြောက်(၁၁၅)တင်းထွက်ရှိပြီး၊ စူပါနှံကောက်မျိုး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း နို့ဆီဘူး(၁၆.၅)ဘူး၊ အစို(၁၂၈.၉)တင်း၊ အခြောက်(၁၁၈.၉)တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


အောင်မျိုးဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment