Pages

Pages

ရမ်းဗြဲမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အခမ်းအနားမှုးသင်တန်း (၁/၂၀၂၃)ဆင်းပွဲ အခမ်းအနားပြုလုပ်






MNP ၊ အောက်တိုဘာ    ၁၃

 ရခိုင်ပြည်နယ်၊  ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်   အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃) ဆင်းပွဲ  အခမ်းအနားနှင့် သင်တန်းဆင်း ဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို  ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရမ္မဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် အထွေအထွေအုပ်ချုပ်ရေးမှုးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး  သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့သည်၊  ဆက်လက်ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့  ဉက္ကဌ ‌ဒေါ်နန်းစောညွှန့်မှ သင်တန်းနည်းပြဆရာမ (၂) ဦးအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား လက်ဖက်ရည်နှင့် မုန့်များဖြင့်  ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ဒုတိယ ဦးစီးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဌ  ဒေါ်နန်းစောညွှန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ  ဝန်ထမ်းများနှင့် သင်တန်းနည်းပြဆရာမများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  သင်တန်းသူ(၂၈)ဦး အပါအဝင် စုစုပေါင်းဝန်ထမ်း (၅၀) ဦး တက်ရောက်ခဲ့ကြောင်း  သိရသည်။


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment