Pages

Pages

မာန်အောင်မြို့ မြို့မစည်ပင်သာယာဈေးတွင်စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမီးသတ်ဆေးဘူးထားရှိ/မရှိစစ်ဆေး






MNP ၊ အောက်တိုဘာ  ၁၈

 ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မစည်ပင်သယာဈေး၌စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်မီးသတ်ဆေးဘူးထားရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက်၁၀ နာရီခွဲက တာဝန်ရှိသူများမှစစ်ဆေးဆောင်ရွက်​ခဲ့သည်။


  ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဇော်မျိုးဝင်း၊မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးထိန်လင်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စံသိန်းနှင့်ဝန်ထမ်းများ၊စျေးအကျိုးတော်ဆောင်အဖွဲ့မှတာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မြန်မာ

နိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့က မြို့မစည်ပင်သာယာရေးစျေးအတွင်းမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊မီးကပ်၊သဲအိတ်၊ရေအိတ်နှင့်စျေးဆိုင်ခန်းများတွင်မီးသတ်ဆေးဘူးထားရှိ/မရှိတို့ကိုစစ်ဆေးပြီး စျေးဆိုင်ခန်းပိုင်ရှင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment