Pages

Pages

ဗန်းမော်မြို့၊ အထက(၁)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ





MNP ၊ အောက်တိုဘာ ၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ ကို အောက်တိုဘာ ၃ ရက် နံနက် ၉ နာရီ ခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေး က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊   မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှဦးစီးအရာရှိ ဦးသက်ပိုင်ထွန်းက "လူငယ်နှင့်အားကစားသိပ္ပံကျောင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း   အသိပညာ ပေးဟောပြောခဲ့ပြီး အားကစားပစ္စည်းများလှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment