Pages

Pages

တရုတ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီခဲ့ချန် ကွယ်လွန်


ပေကျင်း၊ အောက်တိုဘာ ၂၇ 

တရုတ်ကွန်မြူနစ်ပါတီ (CPC) ၁၇ ကြိမ်မြောက်၊ ၁၈ ကြိမ်မြောက်၊ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်ဟောင်း လီခဲ့ချန်သည် မကြာသေးမီ ရက်ပိုင်းများတွင် ရှန်ဟိုင်းမြို့၌ အနားယူနေခဲ့ရာမှ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ရုတ်တရက် နှလုံးဖောက်ခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရန် အဖက်ဖက်မှ ကြိုးပမ်းခဲ့သော်လည်း အောက်တိုဘာ ၂၇ ရက် ၀၀:၀၀ နာရီ ၁၀ မိနစ်တွင် ရှန်ဟိုင်းမြို့၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟောင်း လီခဲ့ချန် ကွယ်လွန်စဉ် အသက် ၆၈ နှစ် ရှိပြီ ဖြစ်ပါသည်။ 

ဝန်ကြီးချုပ်ဟောင်း လီခဲ့ချန် သည် သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက် က မြန်မာပြည်သို့ လာရောက်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ဖူးသူ ဖြစ်သည်။


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment