Pages

Pages

မြင်းမူမြို့နယ်တွင် မိုးစပါးဧက လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့


MNP ၊ အောက်တိုဘာ  ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ယခုနှစ် မိုးရာသီတွင် မိုးစပါးဧက (၁၂၁၀၆)ကို   စိုက်ပျိုးရန်လျာထားခဲ့သော်လည်း စိုက်ဧက(၁၃၈၀၇)ထိ စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက် (၁၇၀၁)ဧက   ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။


နည်းစနစ်တစ်ကျစိုက်ပျိုးရေး၊ ပိုးမွှားအန္တရယ်ကာကွယ်ရေးဆိုင်ရာကိစ္စများ၊  သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်ရေး၊ နည်းစနစ်မှန်စိုက်ပျိုးရေး၊ စသည့် နည်းပညာပေးလုပ်ငန်းများအပြင် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် အချိန်မီပြီးစီးအောင် စိုက်ပျိုးနိုင်ရေးတို့အတွက် ဒေသခံတောင်သူများနှင့် အတူပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း  သက်ဆိုင်ရာတာဝန်ရှိထံက သိရှိရသည်။


မြင်းမူမြို့နယ်အနေဖြင့် ပျော့ရွာမြစ်ရေတင်စီမံကိန်းပါ ကျေးရွာ(၅)ရွာ၏ နှစ်စဉ် စပါးစိုက်ဧက (၂၀၀၀)အပြင် အခြားမြစ်ရေတင်လုပ်ငန်းများဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ဒေသခံ တောင်သူများအနေဖြင့် မနောသုခစပါးမျိုးကိုသာ အများဆုံး ရွေးချယ်စိုက်ပျိုးလျက်ရှိရာ ယမန်နှစ် စပါးထွက်ရှိမှုအနေဖြင့် (၁)ဧကလျှင် ပျှမ်းမျှ(၈၆ဒဿမ ၀၇)ရာခိုင်နှုန်းကျော် ထွက်ရှိခဲ့ကြောင်းနှင့် ဒီဇင်ဘာလကုန်တွင်  အပြီးရိတ်သိမ်းလေ့ရှိကြကြောင်း သိရရှိရသည်။


အောင်စိုးဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment