Pages

Pages

ကျောက်ဆည်မြို့နယ် ကင်းကျေးရွာတွင် စိုက်ပျိုးထားသော ဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း



MNP ၊ အောက်တိုဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာတောင်သူ ဦးသန်းအောင်၏ ကွင်းအမှတ်(၂၅၄-က)တွင် စိုက်ပျိုးထားသော  ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။


ဝါတစ်ဧကစိုက်ပျိုးပါက မြေပြင်ခြင်း၊ ထည်ထိုးခြင်း၊ စိုက်ကြောင်းဆွဲခြင်း၊ စိုက်ပျိုးပြုစုခြင်း၊ မျိုးစေ့ချခြင်း၊ သားခွဲခြင်း၊ အပင်ဖာခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ မြေဩဇာထည့်ခြင်း၊ ဆေးဖျန်းခြင်း၊ ကြားထွန် လိုက်ခြင်း စသည်တို့အတွက် ငွေ(၄၅၀၅၀၀)ကျပ် ကုန်ကျကြောင်းနှင့် မျိုးစေ့ဘိုး၊ ကွန်ပေါင်း၊ ယူရီယား၊ ‌အေမီဒါ၊ မှိုသတ်ဆေး၊ ကလိုပိုင်ရီဖော့၊ ကာတက်၊ အစီဖိတ်၊ ရွက်ဖျန်းအားဆေး၊ မျိုးစေ့လူးနယ်ဆေး၊ ဝါကောက်သိမ်းခြင်းများအတွက် ငွေ(၂၉၆၆၀၀)ကျပ် စုစုပေါင်း(၇၄၇၁၀၀)ကျပ် ကုန်ကျကြောင်းသိရှိရကာ ထွက်နှုန်းအနေဖြင့် တစ်ဧက(၅၄၄)ပိဿာထွက်ရှိပြီး တစ်ပိဿာ (၂၅၀၀)ကျပ် ရောင်းချရသဖြင့် (၁၃၆၀၀၀၀)ကျပ် ပြန်လည်ရရှိကာ ဝါတစ်ဧကတွင် အမြတ်ငွေ (၆၁၂၉၀၀)ကျပ် ရရှိသဖြင့် ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ချည်မျှင်ရှည်ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းရေးအတွက် ဝါမျိုးစေ့များနှင့်နည်းပညာများ ကူညီပံ့ပိုးလျက်ရှိကြောင်းနှင့်  မိုးနှောင်း ချည်မျှင်ရှည်ဝါများကို ကင်းကျေးရွာအုပ်စုတွင် (၂၂၀)ဧက၊ တောင်တော်ကျေးရွာအုပ်စုတွင် (၇၅၇)ဧက၊ ပေါင်လောင် ကျေးရွာအုပ်စုတွင်(၇၀၂)ဧက၊ သံရွာကျေးရွာအုပ်စုတွင် (၁၁၄)ဧက၊ ဖျောက်ဆိပ်ပင်ကျေးရွာ အုပ်စုတွင်(၁၀၀၆)ဧက၊ ရွာသစ်ကျေးရွာအုပ်စုတွင် (၁၅၃)ဧက၊ ရေသရောက်ကျေးရွာအုပ်စုတွင် (၁၅၅)ဧက၊ ချောင်းဆုံကျေးရွာအုပ်စုတွင် (၁၆၀)ဧက၊ သရက်ပင်ကျေးရွာအုပ်စုတွင် (၁၃၀၀)ဧက၊ ရဲကျေးရွာအုပ်စုတွင် (၁၁၀၀)ဧက၊ ကြောင်ကျေးရွာအုပ်စုတွင် (၂၅၀)ဧက၊ ကြက်သားဟင်းကျေးရွာ အုပ်စုတွင် (၁၁၀၀)ဧက၊ သင်္ဂတုံကျေးရွာအုပ်စုတွင် (၄၇)ဧက၊ ကလေးကျေးရွာ အုပ်စုတွင် (၁၄၉)ဧက၊ မှိုငးပန်ကျေးရွာအုပ်စုတွင် (၈၄၆)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် (၂၂၉၈)ဧက၊ ရှမ်းတောင်ဦး ကျေးရွာအုပ်စုတွင် (၁၇၃)ဧက၊ ကုလားချောင်းကျေးရွာအုပ်စုတွင်(၁၄၀)ဧက၊ အရှေ့သာဂရကျေးရွာ အုပ်စုတွင် (၆၆)ဧက၊ ပြည်တော်သာကျေးရွာအုပ်စုတွင် (၃၁)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment