Pages

Pages

ကျောက်ဖြူမြို့၌ ရှင်ဥပဂုတ္တမထေရ် ဖောင်မျှောပွဲကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပ





MNP ၊   အောက်တိုဘာ ၃၁


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ရှင်ဥပဂုတ္တမထေရ်ဖောင်မျှောပွဲကို စေတီယျရပ်ကွက်ရှိ စေတီယျဓာတ်ပေါင်းစုစေတီတောင်အနီးတွင် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်၊ ယမန်နေ့ ည ၁၀ နာရီအချိန်က ရိုးရာအစဉ် အလာမပျက်

 စည်ကားသိုက်မြိုက်စွာဖြင့် ပြုလုပ်ကျင်းပခဲ့သည်။


ရှေးဦးစွာ ဗျာလအကအဖွဲ့မှ ဧည့်ပရိတ်သတ်များအား ဗျာလအကဖြင့် ကပြဖျော်ဖြေပြီး စေတီယျ ရပ်ကွက်ရှိ အပျို၊ လူပျိုများနှင့် ရခိုင်စည်တော်အဖွဲ့က ဓာတ်ပေါင်းစုစေတီတော်မြတ်ကြီးအား ဆီးမီး၊ ပန်းများဖြင့် လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ ယင်းနောက် ရှင်ဥပဂုတ္တမထေရ်အား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ  ဖောင်တော်ကို ကျောက်ဖြူမြစ်သို့ပင့်ဆောင်ကာ ပင်လယ်ထွက်ဝ အထိ စက်လှေ (မော်တော်ဘုတ်)ဖြင့်ဆွဲ၍ ဖောင်တော်အား ပင်လယ်ဒီရေအကျဖြင့် ဖောင်မျှောခြင်း ပြုလုပ်သည်။

ကျောက်ဖြူမြို့တွင် အဆိုပါ  ရှင်ဥပဂုတ္တမထေရ်ဖောင်မျှောပွဲကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ရောက်တိုင်း နှစ်စဉ်ရိုးရာ အစဉ်အလာမပျက် ကျင်းပလေ့ရှိပြီး ရပ်ကွက်နေပြည်သူများ၊ ရွာနီး စပ်မှ ဒေသခံများက ပျော်ရွှင်စွာဖြင့် လာရောက်ဖူးမျှော်ကြကာ ဖောင်မျှောပွဲကျင်းပပြုလုပ်ခြင်းဖြင့် ဆန်ရေစပါး စီးပွားဥစ္စာပေါများခြင်း၊ သဘာဝဘေးဒဏ်များနှင့် မကောင်းသောဘေးဘယာကံကြမ္မာ အပေါင်းမှ လွတ်မြောက်ခြင်းကြောင့် နှစ်စဉ်ကျင်းပလေ့ရှိသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

Myanmar National Post

No comments:

Post a Comment