Pages

Pages

အစ္စရေးကို ဟားမက်စ်စစ်သွေးကြွများက တိုက်ခိုက်မှုအတွင်း အမေရိကန် နိုင်ငံသား ၃ဦး သေဆုံး



နယူးယောက်၊ အောက်တိုဘာ ၉

အစ္စရေးကို ဟားမတ်စ်စစ်သွေးကြွများက အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်မှုအတွင်း အနည်းဆုံး အမေရိကန် နိုင်ငံသား ၃ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် အုပ်ချုပ်ရေးအဖွဲ့တွင်း စာချွန်လွှာကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြသည်။

သေဆုံးခဲ့ရသည့် အခြေ အနေနှင့် သေဆုံးတဲ့ နေရာအတိအကျကို မဖော်ပြထား ပါဘူး။

ယခင်က အမေရိကန် နိုင်ငံသား လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန် အရာရှိများကို ကိုးကား၍ AP သတင်းတွင် ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က တိုက်ခိုက်မှုအတွင်း အမေရိကန် နိုင်ငံသားများ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း အရေအတွက်ကို အတိအကျ မဖော်ပြထားဘဲ ယင်းအချက်အလက်များကို အတည်ပြုရမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

အောက်တိုဘာ ၇ ရက် အစောပိုင်းတွင် ဂါဇာကမ်းမြှောင်မှ အစ္စရေးပိုင်နက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စစ်သွေးကြွအုပ်စုများသည် အစ္စရေးကို ထိုးဖောက်ဝင်ရောက်ကာ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ အစ္စရေးကာကွယ်ရေး IDF သည် စစ်ပွဲအတွက်အဆင်သင့်အခြေအနေ ကိုကြေငြာခဲ့ပြီး "သံမဏိဓားများ" စစ်ဆင်ရေးစတင်ကြောင်းကြေငြာခဲ့သည်။

ဟားမက်စ်စစ်သွေးကြွအဖွဲ့၏ ပေါ်လစ်ဗျူရို အကြီးအကဲ Ismail Haniyeh က ဂါဇာအနီး ပါလက်စတိုင်း စစ်ဆင်ရေးသည် ဂျေရုဆလင်မြို့လယ်ရှိ Al-Aqsa ဗလီကို ဆန့်ကျင်သည့် အစ္စရေးအာဏာပိုင်များ၏ ပြင်းထန်သော လုပ်ရပ်ကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးသတင်းအရ ပါလက်စတိုင်း ၄၂၄ ဦး သေဆုံးပြီး ၂၃၀၀ ဒဏ်ရာရရှိခဲ့ကြောင်း၊ အစ္စရေးမှာ လူ ၇၀၀ ကျော် သေဆုံးပြီး ၂၂၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။


Ref - Tass

https://t.me/MyanmarNationalPost

No comments:

Post a Comment