Pages

Pages

တိုက်ကြီးမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ



MNP ၊ အောက်တိုဘာ  ၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဌေးဝင်းက လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းကလျာခိုင်က လူငယ်နှင့်စာပေ၊ ဒုတိယအလယ်တန်းပြဆရာမဒေါ်ခိုင်ခိုင်မြင့်က လူငယ်နှင့်ကိုယ်ကျင့်တရားအကြောင်းတို့ကို  အသိပညာပေးဟောပြောသည်။


ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ကျောင်းသူလေးဦးက မူးယစ်အန္တရာယ်တို့ကာကွယ်၊ အစဉ်ရှေးရှုမြန်မာ့ယဉ်ကျေးမှု၊ ကျွန်ုပ်၏အိမ်မက်၊ ယနေ့လူငယ်နောင်ဝယ်လူကြီးခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။


အဆိုပါ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


စန်းကလျာခိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment