Pages

Pages

ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP ၊ အောက်တိုဘာ  ၃

ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 


အစည်းအဝေးတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ မိမိလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်လတ်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအားမှာကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ 


အဆိုပါအစည်းအဝေးသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်လတ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment