Pages

Pages

ပေါင်မြို့နယ်၌ အရသာထူးကဲသော ဒေသထွက်ကျွဲကောသီး ဈေးကောင်းရ







MNP ၊ အောက်တိုဘာ  ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အရသာထူးကဲသော ဒေသထွက်ကျွဲကော်သီးသည် ယခုအခါ လူကြိုက်များပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။


မိမိအိမ်ခြံဝင်း၊ ဥယျာဉ်ခြံနှင့် တောင်ယာများပေါ်၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ဒေသမျိုး ကျွဲကောပင်မှ ကျွဲကောသီးများသည် ယခုအခါ လှိုင်လှိုင်ထွက်ရှိနေပြီး ဆင်ရွာကျေးရွာ၊ကျုံက‌ကျေးရွာများတွင် အများဆုံးထွက်ရှိကာ ယခင်နှစ်က တစ်လုံးလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၃၀၀၀) အထိ ရောင်းရပြီး ယခုနှစ်တွင် ကျပ် ( ၃၀၀၀ ) မှ ကျပ် (၄၀၀၀) အထိ ရောင်းရကြောင်း၊ အရသာထူးကဲကောင်းမွန်သဖြင့် ဝယ်ယူစားသုံးသူများပြားကြောင်း သိရသည်။


ကျွဲကောသီးကို  တိုင်းရင်းဆေးပညာအရဆိုလျှင်လည်း ဆီမှန်၊ဝမ်းမှန်၊သွေးမှန်၊လေမှန် စသည့် များအပြင် သွေးလည်ပတ်မှုကောင်းခြင်း၊ကင်ဆာရောဂါများလည်းသက်သာစေခြင်း ၊သက်ကြီးရွယ်အိုများကိုလည်း ကျွဲကောသီးကျွေးခြင်းဖြင့်ရင်ချောင်ကာ ထမင်းမိန်စေခြင်း စသည့် အကျိုးကျေးဇူများရရှိစေနိုင်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost 




No comments:

Post a Comment