Pages

Pages

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် မစ္စတာ ဝမ်ရှောက်ဟုန် လာရောက်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းထွန်ပေါ်



MNP ၊ အောက်တိုဘာ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဝမ်ရှောက်ဟုန် နေပြည်တော်သို့ လာရောက်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၂၈ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်မည့် (၁၀) ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ် (10th Beijing Xiangshan Forum) သို့တက်ရောက်ရန် သွားရောက်ခဲ့ကြပြီး တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နယ်စပ်ဒေသများလုံခြုံတည်ငြိမ်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌကျန်ယူရှားတို့ ပေကျင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်မီဒီယာများကို ကိုးကား၍ ဖော်ပြမှုများကို တွေ့မြင်ရသည်။

မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ထွက်ပေါ်လာသည့် သတင်းများအရ မြန်မာ - တရုတ် နှစ်နိုင်ငံအစိုးရများ ပွင့်လင်းမြင်သာစွာ ဆွေးနွေးရမည့် အခြေအနေတရပ်ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment