Pages

Pages

လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး



MNP ၊ အောက်တိုဘာ  ၁၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဒေါ်ခင်မိုးဝေနှင့် ဝန်ထမ်းများသည် ယမန်နေ့က သစ်ပုတ်ပင်ကျေးရွာတွင်၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ သစ်ပုတ်ပင်ကျေးရွာရှိ ကျား ၂၉ ဦး၊ မ ၄၂ ဦး စုစုပေါင်း ၇၁ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ခဲ့ကြောင်းသိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လယ်ဝေးမြို့နယ်ရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ကျောင်းများတွင် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ဝေကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment